နေပြည်တော် စက်တင်ဘာ ၁၁
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများအပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များရရှိနိုင်ရန်ရည်ရွယ်ပြီး Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်လျက်ရှိရာ စက်တင်ဘာ ၁၃ ရက် (သောကြာနေ့) ည ၉ နာရီတွင် “မိဘမေတ္တာ” တေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။
အဆိုပါ တေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံဆိုင်းဝိုင်းကြီး၏ တင်ဆက်မှုနှင့်အတူ နာမည်ကျော် မျိုးဆက်သစ်တေးသံရှင်များဖြစ်ကြသည့် ကျော်ကျော်ဟန်၊ ရဲထိုက်၊ ဇော်ထွေးလတ်၊ မင်းသားလေး၊ ဖြိုးဝေသူ၊ သူဇာအောင်၊ ကြူကြူခိုင်၊ နန်းစန္ဒီ၊ အိအိလှိုင်နှင့် ထွန်းပပအောင်တို့က ဆရာရွှေတိုင်ညွန့် ရေးစပ်သီကုံးထားသည့် သုံးရောင်ခြယ်၊ အောင်ဗလအလွမ်းပြေ၊ မိဘမေတ္တာ စသည့်ဂန္ထဝင်တေးသီချင်းများကို သီဆိုဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။
ယင်းအစီအစဉ်ကို MRTV App ၏ Entertainment Sector နှင့် MRTV Telegram တို့တွင်လည်း လွှင့်တင်ထားမည်ဖြစ်၍ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည့်အပြင် စက်တင်ဘာ ၁၅ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင်လည်း Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်