Skip to main content

ရမည်းသင်းမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရပ်ကွက်၊ ကျေးရွာများအတွင်း ရေများဝင်ရောက်လျက်ရှိ

ရမည်းသင်း ဩဂုတ်   ၁၁

ရမည်းသင်းမြို့နယ်၌ စက်တင်ဘာ ၁၀ ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် ရပ်ကွက်၊ ကျေးရွာများအတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့တွင်းဗိုလ်ချုပ်‌ကြေးရုပ်‌ရှေ့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ် ရေကျော်ခြင်း၊ မြို့ပေါ်ရပ်ကွက်ကြီး ရွှေစည်းခုံရပ်ကွက်၊ ဗမကကျောင်းတိုက်စုရပ်ကွက်၊ ရွှေပြည်သာရပ်ကွက်၊ ဝါတိုးရပ်ကွက်၊ ကြည်တော်ကုန်းရပ်ကွက်နှင့် ကျေးရွာများအတွင်း ရေဝင်ရောက်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် အထက-၁ ကျောင်း အရှေ့ဘက် အုတ်တံတိုင်း ၃ ခန်း ပြိုကျသွားကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)