နေပြည်တော် ဩဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာနှင့် အုပ်ဖိုကျေးရွာတို့ကို ဩဂုတ်လ ၂၇ ရက် ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၂၇ ရက်နေ့က ရေငံကျေးရွာအနီးတွင် PDF အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိနေပြီး အင်အားစုဖွဲ့လျက်ရှိကြောင်း ဒေသခံကျေးရွာသားများ၏ လျှို့ဝှက်သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေး ဆောင်ရွက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများဆောင်ရွက်ခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမားများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် ၎င်းကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည့်သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများသည် ပြည်သူများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေမည့် သတင်းအမှားများနှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချခြင်းစသည့် လှုံ့ဆော်ဝါဒဖြန့်ဝေနေသည့်သတင်းများကိုသာ ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။