Skip to main content

Mpox (မျောက်ကျောက်)ရောဂါ ကာကွယ်ရေးနှိုးဆော်ချက်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ (၂၀၂၄) ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့တွင် Mpox (မျောက်ကျောက်)ရောဂါ ကူးစက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့ပါသည်။

ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ

•         ရောဂါပိုးရှိသူနှင့်လိင်ဆက်ဆံခြင်းမှ ကူးစက်ခြင်း၊

•         ရောဂါပိုးရှိသူနှင့် အရေပြားချင်းထိတွေ့ခြင်း၊ နမ်းရှုံ့ခြင်း၊ ပွေ့ဖက်ခြင်းတို့မှတစ်ဆင့် ကူးစက်ခြင်း၊

•         ရောဂါပိုးရှိသူနှင့် မျက်နှာချင်းဆိုင် အနီးကပ်တွေ့ဆုံခြင်းမှတစ်ဆင့် ကူးစက်ခြင်း၊ (စကားပြောခြင်း၊ အသက်ရှူခြင်း)

•         ရောဂါပိုးရှိသူ၏အနာများ၊ အညစ်အကြေးများနှင့် တိုက်ရိုက်ထိတွေ့မိရာမှတစ်ဆင့် ကူးစက်ခြင်း၊

•         ရောဂါပိုးများ ကပ်တင်ကျန်နေသည့် အသုံးအဆောင်ပစ္စည်းများ၊ မျက်နှာပြင်များကို လက်ဖြင့် ကိုင်တွယ် ထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်ခြင်း၊

•         မသန့်ရှင်းသောဆေးထိုးအပ်နှင့် ဆေးရုံသုံးပစ္စည်းများမှတစ်ဆင့်် ကူးစက်ခြင်း၊

•         Mpox ဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံထားရသည့် တိရစ္ဆာန်များနှင့် တိုက်ရိုက်ထိတွေ့မိရာမှတစ်ဆင့် ကူးစက်ခြင်း၊

•         မိခင်မှကလေးသို့ ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်နှင့် မွေးဖွားပြီးနောက်တွင် ကူးစက်ခြင်း၊

ရောဂါပျိုးရက်

•         ရောဂါပိုးစတင်ဝင်ရောက်ပြီး (၁)ရက်မှ (၂၁) ရက်အတွင်း ရောဂါလက္ခဏာများ စတင်ဖြစ်ပွားနိုင်ပါသည်။

သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ         

•         မျက်နှာ၊ ပါးစပ်၊ လက်နှင့် ခြေထောက်၊ ခန္ဓာကိုယ်၊ စအိုဝန်းကျင်နှင့်လိင်အင်္ဂါများတွင်  အနီကွက်များ ထွက်ခြင်း၊ အရည်ကြည်ဖုများ ပေါက်ခြင်း၊

•         ဖျားခြင်း (>38.5 °C)၊

•         အကျိတ်များရောင်ရမ်းခြင်း၊

•         လည်ချောင်းနာခြင်း၊

•         ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ကျောအောင့်ခြင်း၊

•         မောပန်းနွမ်းနယ်ခြင်း၊

(လွန်ခဲ့သည့်(၂၁)ရက်အတွင်း ရောဂါပိုးတွေ့ရှိရာ နိုင်ငံ/ဒေသများမှ ပြန်လည်ဝင်ရောက်လာသူများတွင် အထက်ပါ လက္ခဏာများဖြစ်ပွားလာပါက ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ရန် လိုအပ်ပါသည်။)

ကာကွယ်နိုင်မည့်နည်းလမ်းများ

•         Mpox (မျောက်ကျောက်) ရောဂါလက္ခဏာခံစားနေရသူနှင့် အရေပြားချင်းထိတွေ့ခြင်း၊ မျက်နှာချင်းဆိုင် အနီးကပ်ထိတွေ့ခြင်း၊ လိင်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံခြင်းများကို ရှောင်ကြဉ်ပါ၊

•         အနီးကပ်ထိတွေ့မှုကို ရှောင်လွှဲ၍မရပါက လက်အိတ်ဝတ်ဆင်ခြင်းနှင့် နှာခေါင်စည်း (Mask) ကို တပ်ဆင်ပါ၊

•         သံသယရောဂါလက္ခဏာခံစားနေရသူ၏ အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်ရာတွင် လက်အိတ် ဝတ်ဆင်ခြင်းနှင့် နှာခေါင်စည်း (Mask) တပ်ဆင်ခြင်းကို ပြုလုပ်ပါ၊

•         လက်ကို ဆပ်ပြာနှင့် ရေ သို့မဟုတ် အယ်လ်ကိုဟောအနည်းဆုံး (၆၀%) ပါဝင်သော ရေမလို လက်သန့်စင် ဆေးရည်အသုံးပြု၍ စနစ်တကျဆေးကြောပါ၊ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်းနှင့်မျက်လုံးများကို ကိုင်တွယ်ခြင်း မပြုပါနှင့်၊

•         တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကောင်းမွန်စေရန် ဆောင်ရွက်ပါ၊

•         နှာချေ၊ ချောင်းဆိုးသည့်အခါတွင် လက်ကိုင်ပဝါ သို့မဟုတ် တံတောင်ကွေးဖြင့် လုံခြုံစွာ ဖုံးအုပ်ပါ၊

•         အသုံးအဆောင်ပစ္စည်းများ (အိပ်ရာခင်း၊ မျက်နှာသုတ်ပဝါ၊ အဝတ်အထည်စသည့်…) များကို ရေ၊ ဆပ်ပြာ နှင့်စနစ်တကျလျှော်ဖွပ်၍ အသုံးပြုပါ၊

•         တိရစ္ဆာန်များကို အကာအကွယ်မပါဘဲ မထိတွေ့ပါနှင့်၊ အသားများကို ကျက်အောင်ချက်ပြုတ်စားပါ၊

Mpox (မျောက်ကျောက်)ရောဂါလူနာနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်း(သို့မဟုတ်) ရောဂါသံသယလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပေးပို့၍ လိုအပ်သောစစ်ဆေးစမ်းသပ်မှုနှင့်ကုသမှုခံယူပါ။

ကျန်းမာရေးဝန်ကြီးဌာန

ဩဂုတ်လ၊ ၂၀၂၄