Skip to main content

ငပလီမြို့၊ ဂျိတ္တောရပ်ကွက်အတွင်းသို့ တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့ဟု လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေ

နေပြည်တော် ဩဂုတ် ၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်ကို ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်နေ့တွင် တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကလေးငယ် ၃ ဦးအပါအဝင် ဒေသခံပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ငပလီမြို့နယ်မှ တာဝန်ရှိသူများထံ မေးမြန်းစုံစမ်းမှုများအရ မှန်ကန်မှုမရှိကြောင်း သိရှိရပြီး အကြမ်းဖက်သမားများအား အားပေးအားမြှောက်ပြုနေသည့် ပြည်ဖျက်မီဒီယာများက တပ်မတော်အပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန်၊ ဒေသခံပြည်သူများ ထိတ်လန့်ကြောက်ရွံ့စေရန် ရည်ရွယ်ချက်များဖြင့် လူမှုကွန်ရက်တွင် လုပ်ကြံရေးသားကာ မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။