Skip to main content

ပင်လောင်းမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာသူများနေထိုင်သည့်နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PNO အဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်မောင်းထုတ်ခဲ့သည်ဟု မဟုတ်မမှန် ရေးသားဖြန့်ဝေ

နေပြည်တော် ဇူလိုင် ၃၁

ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာသူများ နေထိုင်သည့်နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PNO အဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်မောင်းထုတ်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ ပင်လောင်းမြို့နယ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PNO ပအိုဝ်းပြည်သူ့ စစ်တပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်မောင်းထုတ်ခဲ့သည်ဆိုသည့် သတင်းမှာ ကောလာဟလသတင်းအမှားသာဖြစ်ကြောင်း၊ တပ်မတော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား စနစ်တကျကူညီစောင့်ရှောက်မှုများ၊ ထောက်ပံ့မှုများအပါအဝင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို လူသားချင်းစာနာစိတ်အပြည့်ဖြင့် ကူညီဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါသတင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများအကြား သွေးထိုးသပ်လျှိုနေသည့် သတင်းသာဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်