နေပြည်တော် ဇူလိုင် ၂၈
ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၉ ဒသမ ၃၇ ပေ (၁၂၀၀ စင်တီမီတာ)အထက်သို့ ပေဝက်ကျော်ခန့်(၂၁ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်။
ဟင်္သာတမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၄၄ ဒသမ ၀၃ ပေ (၁၃၄၂ စင်တီမီတာ)အထက်သို့ နှစ်ပေခန့် (၆၂ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း သုံးလက်မခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ဇလွန်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၈ ဒသမ ၀၆ ပေ (၁၁၆၀ စင်တီမီတာ)အထက်သို့ နှစ်ပေကျော်ခန့် (၆၈ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း သုံးလက်မခန့်ကျဆင်းလာနိုင်ပြီး ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၅ ဒသမ ၁၀ ပေ (၁၀၇၀ စင်တီမီတာ)အထက်သို့ ခြောက်ပေခွဲခန့် (၁၉၅ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ရွှေကျင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၂ ဒသမ ၉၇ ပေ (၇၀၀ စင်တီမီတာ)အထက်သို့ သုံးပေခွဲကျော်ခန့် (၁၁၁ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ပဲခူးမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၈ ဒသမ ၈၇ ပေ (၈၈၀ စင်တီ မီတာ)အထက်သို့ သုံးပေခွဲခန့် (၁၀၂ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း တစ်ပေခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၄ ဒသမ ၆၁ ပေ (၇၅၀ စင်တီမီတာ)အထက်သို့ ခြောက်ပေခွဲခန့် (၁၉၄ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
သောင်ရင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၁ ဒသမ ၅၉ ပေ (၉၆၃ စင်တီမီတာ)အထက်သို့ နှစ်ပေကျော်ခန့် (၆၇ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း တစ်ပေခွဲခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ငဝန်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၈ ဒသမ ၀၆ ပေ (၁၁၆၀ စင်တီမီတာ)အထက်သို့ သုံးပေခန့် (၈၆ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း နှစ်လက်မခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
သာပေါင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၀ ဒသမ ၃၄ ပေ (၆၂၀ စင်တီမီတာ)အထက်သို့ နှစ်ပေခန့် (၆၀ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း လေးလက်မခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ပုသိမ်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၁၁ ဒသမ ၄၈ ပေ (၃၅၀ စင်တီမီတာ)အထက်သို့ ပေဝက်ခန့် (၁၀ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ဒီရေမြင့်တက်ချိန်တွင် စိုးရိမ်ရေမှတ်အထက် တစ်ပေခန့် မြင့်တက်လာ နိုင်သည်။
တိုးမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ တိုးမြစ်ရေသည် မအူပင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၃ ဒသမ ၆၂ ပေ (၇၂၀ စင်တီမီတာ)အထက်သို့ ပေဝက်ကျော်ခန့် (၁၈ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ဒီရေမြင့်တက်ချိန်တွင် စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် မြင့်တက်လာနိုင်သည်။
ဘီးလင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၃ ဒသမ ၅၃ ပေ (၁၀၂၂ စင်တီမီတာ)အထက်သို့ ပေဝက်ကျော်ခန့် (၂၀ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း လေးလက်မခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ ရွှေကျင်မြို့နယ်၊ ပဲခူးမြို့နယ်၊ ဘားအံမြို့နယ်၊ မြဝတီမြို့နယ်၊ သာပေါင်းမြို့နယ်၊ ပုသိမ်မြို့နယ်၊ မအူပင်မြို့နယ်၊ ဘီးလင်းမြို့နယ်၊ ဆိပ်သာမြို့၊ မဒေါက်မြို့နှင့် ငါးသိုင်းချောင်းမြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်သည်။
မိုး/ဇလ