Skip to main content

မြောက်ဥက္ကလာပမြို့နယ်၊ ကလောမြို့နယ်နှင့် အောင်ပန်းမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် ဇူလိုင် ၂၆

မြောက်ဥက္ကလာပမြို့နယ်၊ ကလောမြို့နယ်နှင့် အောင်ပန်းမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၄ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မြောက်ဥက္ကလာပမြို့နယ် (က) ရပ်ကွက်၌ မသင်္ကာဖွယ်တွေ့ရှိသူ အောင်သူဖြိုးကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀ ကိုလည်းကောင်း၊ ကွင်းဆက်အရ စိတ်ကြွရူးသွပ်ဆေးပြားများရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် ဥက္ကာမင်းကို မြောက်ဥက္ကလာပမြို့နယ် (က) ရပ်ကွက်ရှိ ၎င်း၏နေအိမ်၌လည်းကောင်း၊ ဇော်ဇော်သိန်း (ခ) ဇော်ကြီးကို စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ နှင့်အတူ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီမြို့သစ် (၄) ရပ်ကွက်ရှိ ၎င်း၏နေအိမ်၌လည်းကောင်း၊ မစိုးစိုးအေးကို စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းသုည ဒသမ ၁၅ ကီလို၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း ၀ ဒသမ ၁၃ ကီလို၊ အိုက်စ် ၀ ဒသမ ၀၅ ကီလို၊ Happy Water ၀ ဒသမ ၀၄၈ ကီလိုနှင့်အတူ မြောက်ဥက္ကလာပမြို့နယ် (က) ရပ်ကွက်ရှိ ၎င်း၏နေအိမ်၌လည်းကောင်း၊ မသန်းသန်းဆွေ (ခ) လေးခင်ကို စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ နှင့်အတူ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီမြို့သစ် (၄) ရပ်ကွက်တွင်လည်းကောင်း။

ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် ကလောမြို့နယ် အောင်ပန်းမြို့ ကမ္ဘားနီကျေးရွာအုပ်စု သရက်ပုကျေးရွာအနီးတွင် ရဲသီဟမောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၁၀ ကိုလည်းကောင်း သိမ်းဆည်းရမိသဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်