၁။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့တို့ရှိ သာသနာ့တက္ကသိုလ်ကြီးများနှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ပရိယတ္တိစာသင်တိုက်ကြီးများမှ စာချစာသင်ရဟန်းတော်များ အသုံးပြုလျက်ရှိသည့် ပိဋကသုံးပုံ ပါဠိတော်အဖွင့် အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်တို့ကို ဆဋ္ဌမူအတိုင်း စာမျက်နှာ၊ စာသားနှင့် စာလုံးရေပြောင်းလဲမှုမရှိဘဲ စာလုံးအနေအထား သန့်ရှင်းသပ်ရပ်မှုရှိသည့် ကွန်ပျူတာစာမူစနစ်ဖြင့် ကျမ်းစာအုပ်တစ်မျိုးလျှင် အုပ်ရေ ၁,၀၀၀ စီ ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
၂။ စက်တင်ပုံနှိပ်ပြီး ကျမ်းစာအုပ်မှာ ၂ အုပ်၊ ပုံနှိပ်ဆဲမှာ ၆ အုပ်၊ စာသားများစစ်ဆေးဆဲမှာ ၁၇ အုပ်၊ စာမူပြုစုဆဲမှာ ၆ အုပ်ရှိပြီး ဆက်လက်ဆောင်ရွက်ရန် ကျမ်းစာအုပ်မှာ ၂၀ အုပ် ရှိပါသည်။
၃။ သို့ဖြစ်ပါ၍ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အလှူရှင်များအနေဖြင့် ကျမ်းစာအုပ် တစ်အုပ်လျှင် ငွေကျပ် ၃၀,၀၀၀/- (ကျပ်သုံးသောင်း)နှုန်းဖြင့် မိမိတတ်နိုင်သည့် စာအုပ်အရေအတွက်အတိုင်း ပညာပါရမီ ဖြည့်ဆည်းလှူဒါန်းနိုင်ပါသည်။
၄။ လှူဒါန်းလိုပါက ဦးသောင်းဝင်း(ညွှန်ကြားရေးမှူး) သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဖုန်း-၀၆၇ ၃၄၀၆၂၇၆၊ ၀၉ ၄၂၀၇၀၁၄၆၃၊ ဦးကျော်လွင်(ညွှန်ကြားရေးမှူး) သာသနာရေးဦးစီးဌာန ဖုန်း-၀၆၇ ၃၄၀၆၂၃၂၊ ၀၉ ၄၀၀၅၁၆၇၇၇၊ ဦးကျော်မိုး(ညွှန်ကြားရေးမှူး) နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ဖုန်း-၀၁ ၈၆၆၁၂၇၅၊ ၀၉ ၄၀၂၁၈၈၂၁၄၊ ဦးဝင်းသိန်းထွန်း (ညွှန်ကြားရေးမှူး) နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ဖုန်း- ၀၂ ၄၀၆၁၁၁၂၊ ၀၉ ၄၂၁၀၀၀၈၄၈၊ ဦးဇော်ဦး(ညွှန်ကြားရေးမှူး) ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးရုံး ဖုန်း-၀၁ ၆၅၁၂၀၉၊ ၀၉ ၂၀၃၈၅၆၃၊ ဦးကျော်လှိုင် (ညွှန်ကြားရေးမှူး) မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူးရုံး ဖုန်း-၀၂ ၄၀၃၆၃၁၂၊ ၀၉ ၂၆၃၉၉၉၀၀၁ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန