နေပြည်တော် ဇူလိုင် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ခဲ့သဖြင့် ခန္တီးမြို့နယ်အတွင်းရှိ ကျေးရွာ/ ရပ်ကွက်များအတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၂ ရက်တွင် နယ်မြေခံတပ်မတော်သားများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်အတူ ခန္တီးမြို့၊ ပေါမိုင်းရပ်ကွက်၊ သာစီရပ်ရှိ ချင်းတွင်းမြစ် ကမ်းနားလမ်း တာဘောင်ဖို့ခြင်းလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။