Skip to main content

ရေကြီးမှုအခြေအနေနှင့် စိုးရိမ်ရေမှတ်တည်ရှိနေမှု အခြေအနေ

နေပြည်တော် ဇူလိုင် ၂၂

ယနေ့နံနက် ၈ နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၇၀ ဒသမ ၅၄ ပေ (၂၁၅၀ စင်တီမီတာ) အထက်သို့ တစ်ပေခွဲခန့် (၃၉ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်။

ယနေ့နံနက် ၈ နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၆၉ ဒသမ ၅၅ ပေ (၂၁၂၀ စင်တီမီတာ) အထက်သို့ နှစ်ပေခွဲခန့် (၇၆ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း တစ်ပေခန့်ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

ယနေ့နံနက် ၈ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မင်းဘူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၅၅ ဒသမ ၇၇ ပေ (၁၇၀၀ စင်တီမီတာ) အထက်သို့ တစ်ပေခန့် (၂၅ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်။

ယနေ့နံနက် ၈ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မကွေးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၅၅ ဒသမ ၇၇ ပေ (၁၇၀၀ စင်တီမီတာ) အထက်သို့ တစ်လက်မခန့် (သုံးစင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက် ၁၂ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်။

ယနေ့နံနက် ၈ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် အောင်လံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၈၃ ဒသမ ၆၆ ပေ (၂၅၅၀ စင်တီမီတာ) အထက်သို့ နှစ်လက်မခန့် (ငါးစင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက် ၁၂ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်။

ယနေ့နံနက် ၈ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ပြည်မြို့တွင် ၉၅ ဒသမ ၀၅ ပေ (၂၈၉၇ စင်တီမီတာ)သို့ ရောက်ရှိနေပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် ၉၅ ဒသမ ၁၄ ပေ (၂၉၀၀ စင်တီမီတာ)အောက်သို့ တစ်လက်မခန့် (သုံးစင်တီမီတာ) ပြန်လည် ကျဆင်းပြီးဖြစ်သည်။

ယနေ့နံနက် ၈ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၉ ဒသမ ၃၇ ပေ (၁၂၀၀ စင်တီမီတာ) အထက်သို့ သုံးပေခန့် (၉၀ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

ယနေ့နံနက် ၈ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၄၄ ဒသမ ၀၃ ပေ (၁၃၄၂ စင်တီမီတာ) အထက်သို့ သုံးပေခန့် (၈၈ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း လေးလက်မခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်သည်။

ယနေ့နံနက် ၈ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၈ ဒသမ ၀၆ ပေ (၁၁၆၀ စင်တီမီတာ) အထက်သို့သုံးပေခန့် (၉၀ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း သုံးလက်မခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်သည်။

ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေ အနေ

ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့တွင် ၄၃ ဒသမ ၃၁ ပေ (၁၃၂၀ စင်တီမီတာ)သို့ ရောက်ရှိနေပြီး ယင်းမြို့ ၏ စိုးရိမ်ရေမှတ် ၄၃ ဒသမ ၄၇ ပေ (၁၃၂၅ စင်တီမီတာ) အောက်သို့ နှစ်လက်မခန့် (ငါးစင်တီမီတာ) ပြန်လည် ကျဆင်းပြီးဖြစ်သည်။

ငဝန်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ

ယနေ့နံနက် ၈ နာရီခွဲအချိန်တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၈ ဒသမ ၀၆ ပေ (၁၁၆၀ စင်တီမီတာ) အထက်သို့ နှစ်ပေခန့် (၅၅ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

ယနေ့နံနက် ၈ နာရီခွဲအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် သာပေါင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၀ ဒသမ ၃၄ ပေ (၆၂၀ စင်တီမီတာ) အထက်သို့ တစ်ပေခန့် (၃၁ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း သုံးလက်မခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည် ရှိနိုင်သည်။

တိုးမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ

ယနေ့နံနက် ၈ နာရီခွဲအချိန် တိုင်းထွာချက်အရ တိုးမြစ်ရေသည် မအူပင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၃ ဒသမ ၆၂ ပေ (၇၂၀ စင်တီမီတာ)အထက်သို့ တစ်ပေကျော်ခန့် (၃၅ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက် တစ်ရက်အတွင်း သုံးလက်မခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

အကြံပြုချက်

သို့ဖြစ်ပါ၍ ပခုက္ကူမြို့နယ်၊ ညောင်ဦးမြို့နယ်၊ မင်းဘူးမြို့နယ်၊ မကွေးမြို့နယ်၊ အောင်လံမြို့နယ်၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ သာပေါင်းမြို့နယ်၊ မအူပင်မြို့နယ်၊ ဆိပ်သာမြို့နှင့် ငါးသိုင်းချောင်းမြို့ အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

မိုး/ဇလ