Skip to main content

ဇမ္ဗူသီရိမြို့နယ် သုခတော်ဝင်အိမ်ရာရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုအားပေး

နေပြည်တော် ဇူလိုင် ၁၉

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် သုခတော်ဝင်အိမ်ရာ တိုက်ခန်းများသာယာရေးအဖွဲ့ရုံး၌ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သုခတော်ဝင်အိမ်ရာရှိ ပြည်သူများအား အခမဲ့ကျန်းမားရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆွေးနွေးမှာကြား

ထို့နောက် သုခတော်ဝင်အိမ်ရာတိုက်ခန်းများ သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဌေးမြင့်နှင့်အဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်တို့က သုခတော်ဝင်အိမ်ရာ၌ ပြည်သူများနေထိုင်မှု၊ စည်ပင်သာယာရေးလုပ်ငန်းများနှင့် သောက်သုံးရေဖြန့်ဝေပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက မြို့တော်အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြည်စေရေး၊ သန့်ရှင်းသာယာလှပစေရေး၊ အိမ်ရာအတွင်း အမှိုက်ကင်းစင်ရေး၊ ပလတ်စတစ်ကင်းစင်သည့် ဧရိယာဖြစ်စေရေးအတွက် ပလတ်စတစ်အစားထိုးပစ္စည်းများ အသုံးပြုနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ကြည့်ရှုစစ်ဆေး

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် နေပြည်တော်စည်ပင်သာယာရေးကော်မတီ (ရေနှင့်သန့်ရှင်းမှု)အင်ဂျင် နီယာဌာန အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာရေပေးရေးဝင်းသို့လည်းကောင်း၊ သုခသိဒ္ဓိရပ်ကွက် သုခတော်ဝင်အိမ်ရာ စီမံကိန်းအပိုင်း(၂) တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုကိုလည်း ကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး အိမ်ရာအတွင်း ပြည်သူများ ရေသုံးစွဲမှုအခက်အခဲမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေရန်၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးနှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။   

သတင်းစဉ်