Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ကွန်ပျူတာတက္ကသိုလ် (မန္တလေး) မိုးရာသီအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲတက်ရောက်

နေပြည်တော် ဇူလိုင် ၁၈

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းက ကွန်ပျူတာတက္ကသိုလ် (မန္တလေး) သို့ ‌ရောက်ရှိပြီး ကွန်ပျူတာခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲ ဖူဆယ်ဘောလုံး(ကျား)ပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။

ဗိုလ်လုပွဲအဖြစ် Legend Era အသင်းနှင့် Star Boy အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြပြီး Legend Era အသင်းက Star Boy အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီးက ကြက်တောင်(ကျား)ပြိုင်ပွဲ၊ ကြက်တောင်(မ)ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်(နှစ်ယောက်)ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်(တစ်ဦးချင်း)ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖူဆယ်ဘောလုံး(မ)ပြိုင်ပွဲ၊ ဖူဆယ်ဘောလုံး(ကျား)ပြိုင်ပွဲတို့တွင် ဆုရရှိသည့်အသင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲဝင်အသင်းများမှ ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်သည်။

တွေ့ဆုံနှုတ်ဆက်စဉ် ဒုတိယဝန်ကြီးက နိုင်ငံတော်ကအားထားရပြီး ပြည်သူများကို အမှန်တကယ်အလုပ်အကျွေးပြုနိုင်သည့် ဗလငါးတန်နှင့်ပြည့်စုံသော စွမ်းရည်မြင့် IT ပညာရှင်များဖြစ်စေရေး အလေးထားကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်