Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ TTTC (ဘယ်လင်း)၌ World Youth Skills Day ပြိုင်ပွဲများမှ ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ တက်ရောက်

နေပြည်တော် ဇူလိုင် ၁၇

သိပ္ပံ၊နည်းပညာနှင့် ဆန်းသစ်တီထွင်မှုမဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၇) ပါ လုပ်ငန်းစဉ်အရ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် ၊ TTTC (ဘယ်လင်း) ၌ ဇူလိုင် ၁၅ ရက်တွင် ကျရောက်သော World Youth Skills Day အထိမ်းအမှတ်အဖြစ် Youth Skills for Peace and Development ဆောင်ပုဒ်ဖြင့် ယင်းနေ့မှစ၍ ကျောင်းသား ကျောင်းသူများ၏ Skills ပြိုင်ပွဲများနှင့် Innovation Project ပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပသည်။

အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက နိုင်ငံ့စီးပွားမြှင့်တင်ရေးဆိုင်ရာ MSMEs များ၊ စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များရှိ တန်ဖိုးမြှင့်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီနည်းပညာများကို အသုံးချနိုင်မှုသည် အခရာကျရာ ယခုလိုပြိုင်ပွဲများမှ စွမ်းရည်ပြည့်ဝသော နည်းပညာရှင်လူငယ်များကို မြေတောင်မြှောက်ပေးနိုင်ပြီး ပြည်တွင်း စွန့်ဦးတီထွင်ဖန်တီးမှုများကို အားပေးမြှင့်တင်နိုင်မည်ဟု အလေးအနက်ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးက ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုအမှာစကားပြောကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြိုင်ပွဲအသီးသီးမှ အကဲဖြတ်ဒိုင်များထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး ပရောဂျက်များကို လှည့်လည်ကြည့်ရှုအားပေးသည်။

ယခုနှစ် လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲတွင် အင်ဂျင်နီယာဘာသာရပ်ခြောက်ခုတို့မှ ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူ ၇၀ တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး Innovation Project ပြိုင်ပွဲတွင် စက်မှုလယ်ယာ၊ ပြန်ပြည့်မြဲစွမ်းအင်၊ စက်ရုပ်နှင့် IT နည်းပညာများဆိုင်ရာ Innovation Project ၁၂ ခု နှင့် Grassroot Innovation Project ရှစ်ခုတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုချီးမြှင့်ငွေပေါင်း ကျပ်သိန်း ၁၀၀ ရှိကြောင်း သိရသည်။

သတင်းစဉ်