Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခြင်းနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ထားရှိမှုများအား သတင်းထုတ်ပြန်ခြင်း

(၁၄ - ၇ - ၂၀၂၄)၊ ည (၈:၀၀) နာရီ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာများဖြင့်  လူနာအချို့ဆေးရုံတက်ရောက်မှုများနှင့်ပတ်သက်၍  ကျန်းမာရေးဝန်ကြီးဌာန၏ အနီးကပ် ကြီးကြပ်ပံ့ပိုးမှုနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ကွင်းဆင်းအဖွဲ့များသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ (၁၃-၇-၂၀၂၄) ရက်နေ့၊ ည (၆:၀၀) နာရီမှ (၁၄-၇-၂၀၂၄)ရက်နေ့၊ ည (၆:၀၀) နာရီ အထိ (၂၄) နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ လူနာသစ် (၇၇) ဦးရှိခဲ့ပြီး  ၎င်းတို့အနက် (၁၉)  ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ    လူနာများဖြစ်ကြောင်းနှင့်    လူနာအားလုံး၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ (၁၄-၇-၂၀၂၄) ရက်နေ့တွင်   ရောဂါသက်သာပျောက်ကင်းသည့်လူနာ (၆၆)  ဦးအား  ဆေးရုံမှ  ဆင်းခွင့်ပြုခဲ့သဖြင့် (၁၄-၇-၂၀၂၄)   ရက်နေ့၊   ညနေ  (၆:၀၀)  နာရီအထိ   ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ခဲ့သော    လူနာစုစုပေါင်း   (၅၂၁)  ဦးအား   ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး     ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း  ဝမ်းပျက်ဝမ်းလျှောရောဂါ  ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆက်လက်အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန