Skip to main content

ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ကူညီရွှေ့ပြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ဇူလိုင် ၁၀

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်ကာ ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ခန္တီးမြို့နယ်၊ မြို့မရပ်ကွက်၊ မြသိန်းတန်ဘုရားနှင့် ပေါမိုင်းရပ်ကွက်၊ ဘုန်းတော်ကြီးကျောင်းတို့ရှိ ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာကယ်ဆယ်ရေးစခန်းများသို့ ကူညီရွှေ့ပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီးလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။