Skip to main content

နန့်မွန်းမြို့တွင် တပ်မတော်က ကချင်ဘုရားကျောင်းနှင့် လူနေအိမ်များ၌ တပ်စွဲထားပြီး ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရဟု သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇွန် ၂၇

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ နန့်မွန်းမြို့တွင် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်သွားပြီးနောက် တပ်မတော်နှင့် ရှမ်းနီပြည်သူ့စစ်အဖွဲ့များက ဘုရားကျောင်းဝင်းနှင့် လူနေအိမ်များတွင် ဝင်ရောက်တပ်စွဲနေထိုင်ကာ ဖမ်းဆီးမှုများလုပ်ဆောင်နေသည်ဟု သတင်းတု သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းအရ တပ်မတော်မှ နန့်မွန်းမြို့တွင် နယ်မြေလုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသော်လည်း ဒေသခံပြည်သူများ၏ နေအိမ်များနှင့် ဘုရားကျောင်းတို့တွင် ဝင်ရောက်တပ်စွဲနေရာယူခြင်းများ လုပ်ဆောင်မှုမရှိကြောင်းနှင့် အပြစ်မဲ့ဒေသခံပြည်သူများအပေါ် ဥပဒေမဲ့ဖမ်းဆီးခြင်းများ လုပ်ဆောင်မှုမရှိကြောင်းကို နယ်မြေလုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများသည် ၎င်းတို့ဝါဒဖြန့်ပြောဆိုနေကြဖြစ်သည့် တပ်မတော်စစ်ကြောင်းများ ဝင်ရောက်လာမှုကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်ရကြောင်း၊ လေကြောင်းမှ ဗုံးကြဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံးထိခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်းစသည့် ကောလာဟလသတင်းအမှားများကို ဝါဒဖြန့်လှုံ့ဆော်မှုများ လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။