Skip to main content

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဘော်လီဘောအားကစားပြိုင်ပွဲ ကျင်းပ

နေပြည်တော် ဇွန် ၁၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဘော်လီဘောအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ အားကစားရုံ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဦးစီးဌာနများနှင့် တက္ကသိုလ်များမှ တာဝန်ရှိသူများ၊ ဘော်လီဘောအားကစားကို စိတ်ဝင်စားသူ ဝန်ထမ်းများ တက်ရောက်အားပေးကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၌ ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားမျိုးဆက်သစ်များပေါ်ထွက်ရေးအတွက် အားကစားနည်းများအလိုက် ဌာနပေါင်းစုံပြိုင်ပွဲများ ကျင်းပခြင်းဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်သည့် ဘော်လီဘောအားကစားပြိုင်ပွဲတွင် အမျိုးသား အမျိုးသမီး ဘော်လီဘောအားကစား ထူးချွန်သူများ ပေါ်ထွက်လာစေရေးအတွက် အားကစားစိတ်ဓာတ်အပြည့်အဝထားရှိပြီး ကြိုးစားယှဉ်ပြိုင်သွားကြရန် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဖလား ဘော်လီဘောအားကစားပြိုင်ပွဲကို ဆက်လက်ကျင်းပရာ သတ်မှတ်အုပ်စုအလိုက် အမျိုးသား အမျိုးသမီး ဘော်လီဘောအားကစားအသင်းများသည် ပြိုင်ဘက်အသင်းများနှင့် စတင်ယှဉ်ပြိုင်ကစားကြသည်။

အဆိုပါပြိုင်ပွဲများကို ဇွန် ၁၆ ရက်မှ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် ရွာတော်အုပ်စု ကြံဖိုစုလျှပ်စစ်ရေတင်လုပ်ငန်း ရေသောက်စနစ်ကွင်းအမှတ် ၁၆၂၃-ကရှိ တောင်သူဦးကျော်ဌေး၏ နွေနှမ်းသီးနှံများ ဖြစ်ထွန်းအောင်မြင်နေမှုကို ကြည့်ရှုအားပေးကာ ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး လျှပ်စစ်ရေတင်လုပ်ငန်းဖြစ်၍ ရေအသုံးချသူများအဖွဲ့(WUG)အနေဖြင့် စိုက်ပျိုးရေလေလွင့်ဆုံးရှုံးမှုမရှိစေရေး ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေရယူမည့်သီးနှံများ တူညီစေရေး၊ သုံးသီးစိုက်ပျိုးနိုင်ရေး ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားပြီး တောင်သူများ၏ တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဆင်သေချောင်း ဘေးဝဲ/ယာတစ်လျှောက် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ လယ်မြေများစိုက်ပျိုးရေ ဧကတိုးတက်ရရှိရေးနှင့် ရေဆင်းဆည်ရေသောက်စနစ်ရှိ စိုက်ပျိုးမြေများကို ဆင်သေချောင်းမှ ရေကူဖြည့်သွင်းနိုင်ရေးအတွက် ရေရရှိရေးနည်းလမ်းများ ထပ်မံစူးစမ်းလေ့လာတိုင်းတာနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်