Skip to main content

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

နေပြည်တော် ဇွန် ၁၂

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားသင်တန်းကျောင်း၌ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် သန်းခါင်စာရင်းဆိုင်ရာ အုပ်ချုပ်မှုသင်တန်းတက်ရောက်နေသည့် သင်တန်းသားများတက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က သတ်မှတ်နေရာ၌ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများက သတ်မှတ်နေရာများ၌ ကံ့ကော်ပျိုးပင်များကို စိုက်ပျိုးပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက်ရောက်လာကြသည့်ဝန်ထမ်းများက သတ်မှတ်နေရာများ၌ ကံ့ကော်၊ ခရေ၊ ပိတောက်၊ တမာစသည့် အရိပ်ရနှစ်ရှည်ပင်နှင့် ပန်းအလှပင်များကို တပျော်တပါးစုပေါင်းစိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးကြသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ရေဝေရေလဲစနစ် မှန်ကန်စေရေးနှင့် မြေဆီလွှာခန်းခြောက်မှုကို ထိန်းသိမ်းနိုင်ရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်၍ ဥတုရာသီ ညီညွတ်မျှတမှုရှိစေရေး၊ သင်တန်းကျောင်း အဆောက်အဦများ လေပြင်းဒဏ်ကာကွယ်နိုင်ရေးနှင့် သင်တန်းကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပစေရေး စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပြီး ယနေ့ကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားသင်တန်းကျောင်း ပရိဝုဏ်အတွင်း ကံ့ကော်၊ ခရေ၊ ပိတောက်၊ တမာစသည့် နှစ်ရှည်ပင် စုစုပေါင်း ၂၄၀ ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်