Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် ဇွန် ၁၂

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး Mrs. Ponnamperuma Arachchige Praba-shini Ponnamperuma အား ယနေ့နံနက် ၁၁ နာရီ တွင် အဆိုပါဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-သီရိလင်္ကာနှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာများကို အပြန်အလှန်အကျိုး ဖြစ်ထွန်းစေမည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် မှုများမြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ထေရဝါဒဗုဒ္ဓ သာသနာတော်နှင့်ပတ်သက်၍ သံဃာတော်များအား ၎င်းတို့၏ဆောင်ရွက်မှုအလိုက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ နှစ်စဉ်ပေးအပ်လျက်ရှိမှုအခြေအနေ၊ သီရိလင်္ကာနိုင်ငံမှရွှေကျင်နိကာယ၊ ရာမညနိကာယ၊ အမရပူရနိကာယ၊ စိရမ်နိကာယ စသည့်နိကာယလေးရပ်စလုံးမှ ထေရ်ကြီးဝါကြီးဆရာတော်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ဆက်ကပ်လျက်ရှိမှု၊ ထေရဝါဒဗုဒ္ဓ သာသနာတော်နှင့်ပတ်သက်၍ သံဃာတော်များအား နှစ်နိုင်ငံရှိဗုဒ္ဓတက္ကသိုလ်များတွင် ပညာတော်သင်စေလွှတ် သင်ကြားပေးနိုင်ရေးအခြေအနေ၊ မြန်မာနိုင်ငံရှိ ထင်ပေါ်ကျော်ကြားသော တန်ခိုးကြီးဘုရားများသို့ သီရိလင်္ကာနိုင်ငံသားများ လာရောက်ဖူးမြော်နိုင်ရေးနှင့် ဘာသာရေး၊ ယဉ်ကျေးမှုအခြေပြုခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

သတင်းစဉ်