Skip to main content

တရားမအထူးအယူခံမှု ၁၀ မှုကို စီရင်ချက်ချမှတ်ပြီး ရာဇဝတ်အထူးအယူခံမှုတစ်မှုနှင့် တရားမအထူးအယူခံမှု ခြောက်မှုတို့ကို ရုံးထိုင်ကြားနာ

နေပြည်တော် ဇွန် ၁၀

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးတင့်၊ ဦးခင်မောင်ကြီး၊ ဦးသောင်းနိုင်၊ ဒေါ်ပြုံးပြုံးအေးတို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှု အမှတ် ၄၁/၂၀၂၃ (စစ်ကိုင်း)၊ ၂/၂၀၂၄(ရန်ကုန်)၊ ၈/၂၀၂၄ (ကချင်)၊ ၁၃/၂၀၂၄ (ရန်ကုန်)၊ ၁၅/၂၀၂၄ (မန္တလေး)၊ ၉/၂၀၂၄ (မကွေး)၊ ၁၁/၂၀၂၄ (မန္တလေး)၊ ၁၂/၂၀၂၄ (ရန်ကုန်)၊ ၁၆/၂၀၂၄ (မန္တလေး)နှင့် ၁၇/၂၀၂၄ (မန္တလေး) စုစုပေါင်းတရားမအထူးအယူခံမှု ၁၀ မှု ကို စီရင်ချက်ချမှတ်သည်။

ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၄/၂၀၂၄ (တနင်္သာရီ)၊ တရားမအထူးအယူခံမှု အမှတ် ၆/၂၀၂၄ (မန္တလေး)၊ ၁၈/၂၀၂၄ (ရန်ကုန်)၊ ၂၀/၂၀၂၄ (ရန်ကုန်)၊ ၂ ၂/၂၀၂၄ (ဧရာ၀တီ)၊ ၂၄/၂၀၂၄ (ရန်ကုန်)နှင့် ၂၅/၂၀၂၄(မကွေး) စုစုပေါင်း ရာဇဝတ်အထူးအယူခံမှုတစ်မှုနှင့် တရားမအထူးအယူခံမှု ခြောက်မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

သတင်းစဉ်