နေပြည်တော် ဇွန် ၁၀
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာချီလိတ်ခရိုင် ဦးစီးမှူးရုံး ခရိုင်ဦးစီးမှူး ဦးမင်းနိုင်ဦးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁)အနီးရှိ တာချီလိတ်ခရိုင် ဦးစီးမှူးရုံးဝင်းအတွင်း၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ထမ်းများ က မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဖြတ်သန်းသွားလာမည့် ဒေသခံပြည်သူများအား e-ID စနစ်ဖြင့် Biographic ၊ Biometric ကောက်ယူ၍ ဂဏန်း ၁၀ လုံးပါ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆောင်ရွက်ပြီးဖြစ်
ယင်းလုပ်ငန်းစဉ်ကို ၂၀၂၄ ခုနှစ် ဧပြီ ၁၉ ရက်မှ စတင်ဆောင်ရွက်ပေးလျက်ရှိပြီး ယခုအချိန်ထိ ဒေသခံပြည်သူ ၂၆၀၀၀ ကျော်ကို Unique ID နံပါတ် ထုတ်ပေးဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်