Skip to main content

ဆီထွက်သီးနှံနှင့် ဝါအပါအဝင် စီမံကိန်းဝင်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးနှင့် ဆိုလာစိုက်ပျိုးရေတင်စနစ်များ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇွန် ၁၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအကြို ညှိနှိုင်းအစည်းအဝေးနှင့် ဆီထွက်သီးနှံနှင့် ဝါအပါအဝင် စီမံကိန်းဝင်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးနှင့် ဆိုလာစိုက်ပျိုးရေတင်စနစ်များ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ် ၃၆ ၌ ကျင်းပသည်။

အကျိုးပြုနိုင်ခဲ့

အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ရေရရှိရေးလုပ်ငန်း ၁၇၈၀၊ မီးလင်းရေးကျေးရွာ ၉၄၀၊ ဆိုလာ စိုက်ပျိုးရေတင်စနစ်လုပ်ငန်း ၉၈ခု၊ ကျေးလက်ကုန်ထုတ်လမ်း ၅၃၂ မိုင်၊ ကုန်ထုတ်တံတား ၁၁၅၉ စင်း၊ ကျေးလက်အိမ်ရာ ၃၂ လုံး၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာ ၂၄၃ ယူနစ်၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ၁၈၆၄ ရွာ၊ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း ၄၅ ရွာ၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း ၅၂ ယူနစ်၊ Cash for Work စီမံကိန်းကျေးရွာ ၉၈ ရွာ၊ အသက်မွေးဝမ်းကျောင်းသင်တန်း ၄၁၂ ကြိမ်တို့ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဒေသဖွံ့ဖြိုးရေးစီမံကိန်းများမှ ကျေးရွာပေါင်း ၅၅၃၈ ရွာ၊ အိမ်ထောင်စု ၂ ဒသမ ၄၄ သန်း၊ လူဦးရေ ၁၂ ဒသမ ၉သန်းကို အကျိုးပြုနိုင်ခဲ့ကြောင်း။

ဆီထွက်သီးနှံနှင့် ဝါအပါအဝင် စီမံကိန်းဝင်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးဆောင်ရွက်ရာတွင် လိုအပ်သည့် သွင်းအားစုနှင့် ငွေကြေးအရင်းအနှီးများအား မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်းများမှ ထောက်ပံ့ဆောင်ရွက်ပေးခြင်းနှင့် ဆိုလာစိုက်ပျိုးရေတင်စနစ် ဆောင်ရွက်ပေးခြင်းတို့ကို ဆက်စပ်ဦးစီးဌာနများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက် ကြရန် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများက ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်ရေပေးရေး၊ ကျေးလက် ကုန်ထုတ်လမ်း၊ တံတား၊ ကျေးလက်မီးလင်းရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် တွေ့ကြုံရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားသာချက်အားနည်းချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်