နေပြည်တော် ဇွန် ၃
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကျိုင်းတုံတပ်နယ်မှ ကျောင်းသား ကျောင်းသူများအတွက် ပထမအကြိမ် ကျောင်းဝတ်စုံနှင့် ကျောင်းသုံး စာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေး ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အမှာစကားပြောကြား
ဦးစွာတိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းများတွင် ပညာသင်ကြားမည့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံ နှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်သည်။
ထောက်ပံ့ပေးအပ်
အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်တပ်နယ်အသီးသီးတွင်လည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းများတွင် ပညာသင်ကြားမည့် ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်