နေပြည်တော် ဇွန် ၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့မှ ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးနှင့် ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ကျေးဇူးတင်စကားပြောကြား
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြား၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ပညာသင်ထောက်ပံ့ငွေများပေးအပ်ကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ တာဝန်ရှိသူများက လက်ခံရယူကြပြီး လွိုင်ကော်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးက ကျေးဇူးတင်စကား ပြောကြားသည်။
နိဂုံးချုပ်အမှာစကားပြောကြား
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၌ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား ကျောင်းသူ ၅၅၁ ဦး၊ တက္ကသိုလ်အဆင့် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား ကျောင်းသူ ၆၀ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၆၁၁ ဦးအတွက် ငွေကျပ် ၆၁ သိန်းကျော် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်