Skip to main content

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ပြန်လည်တူးဖော်ပြုပြင်ထိန်းသိမ်းလျက်ရှိသော  ရှေးဟောင်းရေကန်များအတွက် ပါဝင်လှူဒါန်းနိုင်

နေပြည်တော် ဇွန် ၁

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ပြည်တွင်း ပြည်ပ ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များနှင့် ကမ္ဘာ့အမွေအနှစ်စံနှုန်းများနှင့်အညီ ပြန်လည်တူးဖော်ပြုပြင်ထိန်းသိမ်းလျက်ရှိသော ပထမအဆင့် ရှေးဟောင်းရေကန် ၄၆ ကန်နှင့် ဒုတိယအဆင့် ရှေးဟောင်းရေကန် ၄၅ ကန်တို့အတွက် ပါဝင်လှူဒါန်းလိုပါက ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (စီမံ/ဘဏ္ဍာဌာနခွဲ)၊ နေပြည်တော်၊ ဖုန်း၊ ၀၉-၄၄၄၀၄၇၁၂၃၊ ၀၆၇- ၃၄၀၈၄၁၈၊ ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ ဖုန်း၊ ၀၉-၅၀၆၁၈၃၂ ၊ ၀၁-၇၅၁၃၈၉၇၊ ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲ၊ ဖုန်း၊ ၀၉-၂၀၀၂၁၉၅၊ ၀၂-၄၀၆၀၀၆၁၊ ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ဖုန်း၊ ၀၉-၂၀၀၁၉၀၆ ၊ ၀၆၁- ၂၄၆၀၂၆၉ တို့သို့လည်းကောင်း KBZ Bank NYAUNG OO BRANCH Account No- 06713906701442701 သို့လည်းကောင်း ပေးပို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

သတင်းစဉ်