နေပြည်တော် ဇွန် ၁
နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ (၁၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့် ဇနီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ ၎င်းတို့၏ဇနီးများ၊ အထူးဖိတ်ကြားထားသည့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတွင် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားအရာရှိကြီးများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးက နှစ်ပတ်လည်နေ့အထိမ်းအမှတ် အမှာစကားပြောကြားပြီး မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက နိုင်ငံတော်မှ ချီးမြှင့်သည့် စီမံထူးချွန်တံဆိပ်(ပထမဆင့်)နှင့် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိခဲ့သည့် အရာထမ်း၊ အမှုထမ်း ၃၅ ဦး၊ သင်တန်းများတွင် ထူးချွန်ဆုရရှိသူ ၁၃ ဦးနှင့် အလွတ်တန်း ဂေါက်သီးရိုက်အားကစားပြိုင်ပွဲတွင် ဆုရရှိသူတစ်ဦးတို့ကို ထပ်ဆင့်ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ကြသည်။
ထို့နောက် မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများအတွက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လူမှုရေးထောက်ပံ့စရိတ်ငွေများနှင့် တက္ကသိုလ်/ကောလိပ်များ၊ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ဝန်ထမ်းများ၏ သား/သမီးများအတွက် ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံစရိတ်ထောက်ပံ့ငွေများကို ပေးအပ်ကြကာ ဧည့်သည်တော်များ၊ ဝန်ထမ်းများနှင့် မိသားစုများကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်