နေပြည်တော် မေ ၂၆
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၂၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Dextrose Monohydrate D-Glucose အမှုန့်ကီလိုဂရမ် ၅၀၀၊ Textile Emulsion ကီလိုဂရမ် ၁၀၀၀၀ နှင့် ယာဉ်အပိုပစ္စည်း MBG Universal Joint ၂၆၄၃၅ ကီလိုဂရမ်အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၂၅၇၉၉၀) ကိုလည်းကောင်း၊ သီလဝါကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် လျှပ်စစ်လုပ်ငန်းသုံးပစ္စည်း Switch & Socket အခု ၂၉၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁၁၅၇၉၉၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မေ ၂၄ ရက်တွင် ရတနာပုံတံတား (မန္တလေး) ပူးပေါင်းစစ်ဆေးရေးစခန်း၌ ရန်ကုန်မြို့မှ မြစ်ကြီးနားမြို့သို့ မောင်းနှင်လာသော ဆီသယ်ယာဉ်တစ်စီးပေါ်မှ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ဂါလန် ၃၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၅၄၀၀၀၀) နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Nissan Diesel Tractor Head တစ်စီးနှင့် ဆီသယ်နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀၀) ကိုလည်းကောင်း၊ မေ ၂၅ ရက်တွင် ရွှေကျင်စစ်ဆေးရေးစခန်း၌ မန္တလေးမြို့မှ အင်းတော်မြို့သို့သွားရောက်မည့် မော်တော် ယာဉ်နှစ်စီးပေါ်မှ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ဂါလန် ၄၆၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၄၂၈၀၀၀) နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီးနှင့် စက်မှုဇုန်ထုတ် Shwe Chan Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၄၉၆၈၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မေ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၀ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၆၁၂၅၉၉၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်