Skip to main content

မြန်မာအမျိုးသားလေကြောင်း ရန်ကုန်-နန်နင်း-ရန်ကုန် Cargo ခရီးစဉ်စတင်ပျံသန်းပြေးဆွဲ

ရန်ကုန် မေ ၁၆

မြန်မာအမျိုးသားလေကြောင်း၏ ရန်ကုန်-နန်နင်း-ရန်ကုန် ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်ရေးလေကြောင်းခရီးစဉ်များ (Cargo Flight)အား ယနေ့မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Boeing 737 - 800 Freighter လေယာဉ်ဖြင့် စတင်ပျံသန်းပြေးဆွဲ သည်။

ယနေ့ ရန်ကုန်-နန်နင်းခရီးစဉ်(UB-8503)ဖြင့် ရေထွက်ကုန်ပစ္စည်းများဖြစ်သော ကဏန်း နှင့်ငါးရှဉ့် ၁၆ တန် တင်ဆောင်ခဲ့ပြီး ရန်ကုန်-နန်နင်း -ရန်ကုန် ကုန်ပစ္စည်းသယ်ယူပို့ဆောင် ရေးလေကြောင်းခရီးစဉ် Cargo Flight အား တစ်ပတ်လျှင်သုံးကြိမ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။

Boeing 737-800 Freighter လေယာဉ်သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်တွင် မြန်မာနိုင်ငံသို့ ဆိုက်ရောက်ခဲ့ပြီး မြန်မာအမျိုးသားလေကြောင်း၏ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်များဖြစ်သော ရန်ကုန်-ကူမင်း-ရန်ကုန်၊ ရန်ကုန်-ဘန်ကောက်-ရန်ကုန်၊ ရန်ကုန်-စင်ကာပူ-ရန်ကုန်နှင့် ရန်ကုန်-မန်စီ-ရန်ကုန် Cargo ခရီးစဉ်များတွင် ပျံသန်းပြေးဆွဲပေးလျက်ရှိသည်။

အာကာလင်း