Skip to main content

၂၀၂၃ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံပြိုင်ပွဲ ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော် မေ ၁၄

၂၀၂၃ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ၌ ကျင်းပသည်။

အခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဇင်မင်းထက်နှင့် ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဆုရစာပေ ပညာရှင်များနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ အရာထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူ လူထုအတွင်း အားကစားလှုပ်ရှားဆောင်ရွက်မှုများ နေ့စဉ်ဆောင်ရွက်ရန်လိုအပ်ပုံကို ပြည်သူတစ်ရပ်လုံး သိရှိလာစေပြီး အားကစားကို စိတ်ပါဝင်စားလာစေရန် အသိပညာဗဟုသုတများ ဖြန့်ဝေပေးခြင်း၊ ဆွဲဆောင်စည်းရုံးခြင်း၊ အကြံပြုတင်ပြပေးခြင်း၊ စိတ်ဓာတ်မြှင့်တင်ပေးခြင်းများကို ကလောင်စွမ်းများဖြင့် စွမ်းဆောင် ရေးသားပေးခဲ့သည့် ဆုရစာပေ ပညာရှင်များအား ကျေးဇူးတင်ရှိပါ ကြောင်းနှင့် လာမည့်နှစ်များတွင်လည်း ယခုထက် ပိုမိုအကြံပြု စွမ်းဆောင်ရေးသားပေးသွားရန် တိုက်တွန်းပြောကြားပြီး မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝဏ္ဏက ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံပြိုင်ပွဲတွင် ဆုများ ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် မြန်မာနိုင်ငံ အားကစား မီဒီယာများအဖွဲ့ချုပ်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုကြေးငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ဝတ္ထုတိုပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ဒေါ်ခင်မာသန်း (ထွေးမ-ဟင်္သာတ) က ဆုရရှိသူ များကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်