Skip to main content

တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ပြသမှုများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် အသိပေးကြေညာခြင်း

တေးသီချင်းဗီဒီယိုများကို နည်းလမ်းမျိုးစုံဖြင့် ရိုက်ကူးထုတ်လွှင့်ပြသမှုများ ဆောင်ရွက်ခြင်းမပြုမီ ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေတို့အရ ရုပ်ရှင်ဆင်ဆာအဖွဲ့နှင့် ဗီဒီယိုဆင်ဆာအဖွဲ့တို့သို့တင်ပြပြီး စစ်ဆေးခွင့်ပြုချက်ရယူဆောင် ရွက်သွားရမည်ဖြစ်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အသိပေးကြေညာခဲ့ပြီးဖြစ်သော်လည်း တေးသီချင်းဗီဒီယိုများကို ထုတ်လုပ်သူများက ၎င်းတို့၏တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဆောင်ရွက်လိုကြောင်း တင်ပြမှုများရှိသည့်အတွက် ဆင်ဆာမူဝါဒများအား ထိခိုက်စေနိုင်ခြင်းမရှိစေရေး မိမိတို့ကိုယ်တိုင် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့်စိစစ်ပြီး ရိုက်ကူးထုတ်လွှင့်ပြသမှုများ ဆောင်ရွက်နိုင်ကြောင်းနှင့် ဆင်ဆာတင်ပြခွင့်ပြုချက်ရယူပြီး ဆောင်ရွက်လိုပါကလည်း အမြန်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။

ထုတ်လုပ်သူများအနေဖြင့် တေးသီချင်း ဗီဒီယိုများကို မည်သည့်အချိန်က ရိုက်ကူးခဲ့သည်ဖြစ်စေ ရုပ်ရှင်ဆင်ဆာအဖွဲ့နှင့် ဗီဒီယိုဆင်ဆာအဖွဲ့တို့သို့တင်ပြပြီး စစ်ဆေးခွင့်ပြုချက် ရယူဆောင်ရွက်နိုင်ပါကြောင်းနှင့် ဆင်ဆာမူဝါဒများနှင့် ညီညွတ်ခြင်းမရှိဘဲ ရိုက်ကူးထုတ်လွှင့်ပြသမှုများ ဆောင်ရွက်ပါက ရိုက်ကူးသူ ဒါရိုက်တာအပါအဝင် သရုပ်ဆောင်များ၊ ထုတ်လွှင့်ပြသသူများ၊ စီစဉ်သူ၊ ဇာတ်ညွှန်းရေးသူ စသည့်ဆက်စပ် ပါဝင်သူများအားလုံးကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန