ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ်၊ မေလ ၁၄ ရက်
၁။ နိုင်ငံရေးပါတီတည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၁၅ ဖွဲ့ရှိပါသည်။ ယင်းသို့ လျှောက်ထားသည့်အဖွဲ့များအနက် နိုင်ငံရေးပါတီ ၁၂ ပါတီကို တည်ထောင်ခွင့်ပြုခဲ့ပြီး ၂ ပါတီကို တည်ထောင်ခွင့်ငြင်းပယ်ခဲ့ပါသည်။
၂။ တည်ထောင်ခွင့်ပြုရန်ကျန်ရှိသည့် ချင်းပြည်သူ့ပါတီ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရပါသဖြင့် ယင်းပါတီ၏ ပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေပါ ပုံစံ (ဂ) ဖြင့် ငြင်းပယ်လိုက်ကြောင်း ထုတ်ပြန်အပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်