Skip to main content

ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့်အချက်များ

ပညာရေးဝန်ကြီးဌာန

“၂၀၂၄-၂၀၂၅ ပညာသင်နှစ်”

ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး

သိရှိလိုက်နာရမည့်အချက်များ

- မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/လက်ခံခြင်းမပြုရ။

- ငွေကြေး/လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်းမပြုရ။

- အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရ။

- ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်တတ်ရေး၊ ကျောင်းတက်မှန်ရေး၊ အိမ်စာများကို နေ့စဉ်လုပ်ဆောင်ရေး၊ မိဘများနှင့် ပူးပေါင်းဆွေးနွေး ဆောင်ရွက်ပေးပါရန်။

- ပညာသင်ကာလအတွင်း စစ်ဆေးအကဲဖြတ်ခြင်းအား ညွှန်ကြားချက်များအတိုင်း စစ်ဆေးရန်။

- ကျောင်းထွက်သူလုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် မိဘများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။

- မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ စီးကရက်၊ ကွမ်းယာမသုံးစွဲရေး မိဘပြည်သူအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်ရန်။

- ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး မိဘပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။

- ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံများ စွဲမြဲဆောင်ရွက်တတ်ရန် အသိပညာပေးရေး မိဘပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။

- ကျောင်းသား၊ ကျောင်းသူများ ဂိမ်းစွဲလမ်းမှုပပျောက်စေရေး မိဘပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။

- နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန်မြင့်မားလျှင် ကျောင်းသို့မလာဘဲ နီးစပ်ရာကျန်းမာရေးဆေးခန်း၊ ဆေးရုံသို့ သတင်းပို့ရန်နှင့် ဆေးကုသမှုခံယူရန်။

- အသက် (၁၂) နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရေး သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်းဆောင်ရွက်ရန်။