Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

ရန်ကုန် မေ ၁၁

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် စွယ်တော်မြတ်စေတီတော်အနီးရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်သို့ ရောက်ရှိပြီး တက္ကသိုလ်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ရှိ သင်တန်းသားသံဃာတော်များ အသုံးပြုနိုင်ရန် စားပွဲ၊ ထိုင်ခုံ၊ ခုတင်များ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒအား အမှူးထား၍ အလှူရှင်များ စုပေါင်းလှူဒါန်းသည့် သင်တန်းသားသံဃာ ၁၈၈ ပါးဆံ့ သံကူကွန်ကရစ် RCC လေးထပ်ဆောင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ခံအင်ဂျင်နီယာမှူးက အဆောက်အဦလုပ်ငန်း တည်ဆောက်ပြီးစီးမှုအခြေအနေ၊ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း နှစ်ထပ်ပြီးစီးအောင် ဆောင်ရွက်နေမှုနှင့် သင်တန်းသား သံဃာတော်များ ထားရှိနိုင်မည့်အခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားပြီး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။          

သတင်းစဉ်