Skip to main content

မိုးကောင်းမြို့နယ် အောင်ဇမ္ဗူစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက် ဆီထွက်သီးနှံများ ရိတ်သိမ်း

မိုးကောင်း မေ ၉

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပင်းကြိုင်းကျေးရွာရှိ အောင်ဇမ္ဗူစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေရယူ၍ အသင်းသားတောင်သူ ၁၃ ဦး၏ စိုက်ပျိုးမြေပေါ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲဧက ၁၀၀ နှင့် နေကြာဧက ၁၀၀ စိုက်ပျိုးခဲ့ရာ ယခုအခါတွင် မြေပဲတင်း ၇၀၀၀ ကျော်၊ နေကြာတင်း ၁၀၀၀ ကျော် ထွက်ရှိပြီးဖြစ်သည်။

နေကြာ၊ မြေပဲ ဈေးကောင်းရရှိနေပြီး အသင်းမှထွက်ရှိလာသော ဆီထွက်သီးနှံများအား မြို့နယ်သမဝါယမအသင်းစုမှ ဒေသပေါက်ဈေးဖြင့် ဝယ်ယူသည့်အပြင် တောင်သူများအား တစ်တင်းလျှင် Refund ငွေကျပ် ၂၀၀ ပြန်လည်ပေးသွင်းခဲ့ပြီး သမဝါယမအသင်းစုပိုင် ဆီစက်ဖြင့်ကြိတ်ခွဲ၍ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်