နေပြည်တော် မေ ၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့အတွင်းသို့ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မေ ၂ ရက် ညပိုင်းတွင် လက်လုပ်ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့သဖြင့် မြို့မ (၂) နှင့် မြို့မ (၃) ရပ်ကွက်များသို့ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မေ ၂ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ညောင်လေးပင်မြို့၏ အရှေ့မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာမှ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ရာ မြို့မ (၂) ရပ်ကွက်နှင့် မြို့မ (၃) ရပ်ကွက်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါရပ်ကွက်များအတွင်းရှိ အပြစ်မဲ့ဒေသခံပြည်သူများ၏ နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။
ထိုသို့အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ မြို့/ ရွာများအတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်