ဟိုပန် မေ ၅
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဟိုပန်မြို့နယ်အတွင်းရှိ ကျယ်ပန် ကျိုင်း-ကောင်းပျက်-အိုက်ကျော်ပါး ကျေးရွာချင်းဆက်လမ်း ခုနစ်မိုင်အနက် တစ်မိုင်လေး ဖာလုံ ကျောက်ခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၆၅ ဒသမ ၂၆၅ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့်ဆောင် ရွက်ပြီးစီးပြီဖြစ်ကြောင်း ဟိုပန်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
နယ်စပ်ရေးရာ ဝန်ကြီးဌာနသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၄၉၈၇ ဒသမ ၄၈၃ သန်းဖြင့် မြေလမ်း ၂၈ မိုင်၊ အမာခံလမ်း ငါး မိုင်၊ ကျောက်လမ်း ၁၃ မိုင် ၂ ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာ ၁ ဒသမ ၆ ဖာလုံ၊ ကွန်ကရစ်လမ်း ၆ ဒသမ ၇ ဖာလုံ၊ ကွန်ကရစ်တံတား တစ်စင်း၊ Box Culvert ၃၉ စင်း၊ ရေကျော်တစ်စင်း၊ ပညာရေး လုပ်ငန်းလေးခု၊ သာသနာရေး လုပ်ငန်းငါးခု၊ သောက်သုံးရေရရှိ ရေးလုပ်ငန်းတစ်ခုနှင့် ဦးစီးဌာနလုပ်ငန်းငါးခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်