နေပြည်တော် မေ ၅
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများသည် ယနေ့တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)သို့ ရောက်ရှိစစ်ဆေးရာ တာဝန်ခံအရာရှိ (ဒုတိယညွှန်ကြားရေးမှူး) ဦးစန်းလှိုင်က ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)၏ ဝင်ငွေရရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့် တင်ဒါလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)တွင် ဝင်ငွေပိုမို ရရှိရေးအတွက် ဝန်ထမ်းများအားလုံး ကြိုးစားဆောင်ရွက်ကြ ရန်နှင့် တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)၊ (၇/၂၀၂၀)၊ (၁/၂၀၂၂)တို့နှင့်အညီ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်၊ လုပ်ငန်းများသတ်မှတ် ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာ ကြားသည်။
ဆက်လက်၍ ဘာဂီယာဉ် အဟောင်းများကို Right Out လုပ်နိုင်ရန်နှင့် အချို့ယာဉ် အဟောင်းများ ပြန်လည်ပြင်ဆင်အသုံးပြုနိုင်ရန်၊ ပြန်လည်တင်ပြနိုင်ရေး ဆောင်ရွက်ရန်မှာကြားပြီး ရေလွှာလျှောစီး ဆောင်ရွက်ထားရှိသည့်နေရာတွင် ဧည့်သည်များဝင်ရောက် ကစားနေသည့် အခြေအနေ၊ ဝင်္ကပါပတ်လမ်း ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် သီးပင်စားပင်များ စိုက်ပျိုးနိုင်မည့်မြေနေရာနှင့် ဆိပ်ခံဗောတံတား တည်ဆောက်ထားရှိသည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်