Skip to main content

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ကျင်းပ ‌‌‌

ရန်ကုန် မေ ၃

(၃၁) ကြိမ်မြောက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ကောင်စီဝင်များ၊ သတင်းမီဒီယာများမှ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပေးပို့သော သဝဏ်လွှာကို မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာက ဖတ်ကြားသည်။ ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး) က အဖွင့်နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။ ယင်းနောက် သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးထွန်း (မောင်စိမ်း နောင် - လယ်ဝေး) က “သတင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာသမားတို့၏တာဝန် ခေါင်းစဉ်ဖြင့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်