Skip to main content

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်သစ် ၁၄၆ တန်ကျော် ဖမ်းဆီးရမိ

နေပြည်တော် မေ ၂

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၆၉ ဒသမ ၀၉၁၇ တန်၊ သစ်မာ ၆၃ ဒသမ ၅၂၉၂ တန်၊ အခြား ၁၃ ဒသမ ၉၄၆၂ တန် စုစုပေါင်း ၁၄၆ ဒသမ ၅၆၇၁ တန်၊ ယာဉ် / ယန္တရားရှစ်စီး၊ တရားခံ ၂၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။၊    

သတင်းစဉ်