Skip to main content

“Painted Jezebel ” လိပ်ပြာပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ်ထုတ်ဝေမည်

နေပြည်တော် မေ ၂

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၌ တွေ့ရှိရသော လိပ်ပြာမျိုးစိတ်အဖြစ် မှတ်တမ်းတင်သဘောထားမှတ်ချက်ပြုထားသည့် “ Painted Jezebel ” လိပ်ပြာပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးအား ၂၀၂၄ ခုနှစ် မေ ၅ ရက် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် တန်ခူးလ ပြည့်ကျော် ၁၂ ရက် (တနင်္ဂနွေနေ့) နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွား မည်ဖြစ်သည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီး တို့တွင် ၂၀၂၄ ခုနှစ် မေ ၅ ရက် (တနင်္ဂနွေနေ့)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမည် ဖြစ်သည်။

သတင်းစဉ်