နေပြည်တော် ဧပြီ ၃၀
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု သုတပဒေသာ (ဝိဇ္ဇာ) ဒုတိယဆုရရှိသည့် စာရေးဆရာ အရှင်ရေဝတ(ရွှေကွမ်းသား) ၏ “ဘိုကလေး၏ မှတ်တမ်းဇာတ်လမ်းအလင်္ကာ” စာအုပ် ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ဤစာအုပ်တွင် ဘိုကလေးမြို့၏ ပထဝီဝင်၊ ရာသီဥတု၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ အုပ်ချုပ်ရေးဆိုင်ရာအချက်အလက်များ၊ နယ်မြေဖွဲ့စည်းမှုများ၊ စီးပွားရေးဆိုင်ရာများ၊ စိုက်ပျိုးရေးအဓိကသီးနှံ ၁၀ မျိုး၊ စိုက်ပျိုးရေးထုတ်လုပ်မှု၊ နှစ်ရှည်သီးနှံစိုက်ပျိုးမှု၊ ဆီထွက်သီးနှံများ စိုက်ပျိုးမှုအခြေအနေ၊ တိရစ္ဆာန်မွေးမြူရေး စသည်တို့အပြင် ဘိုကလေးမြို့နယ်အတွင်းရှိ လမ်းနှင့် တံတားများ၊ ဆေးရုံ၊ လူနာနှင့် ဆရာဝန် ဆရာမများ အခြေအနေ၊ ကျန်းမာရေး စောင့်ရှောက်မှုများ၊ ပညာရေးအခြေခံ ကျောင်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ အခြေအနေ၊ ဘိုကလေးပညာရေးကောလိပ်နှင့် ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အအုံများ၊ သာသနာဝင်ပုဂ္ဂိုလ်များ၊ ဘုရားစေတီများ၊ ဘိုကလေးလား၊ ဗိုလ်ကလေးလား စဉ်းစားဟူသော မြို့ပြဿနာ၊ ဘိုကလေးမြို့မှ မှတ်တမ်းဝင်ပုဂ္ဂိုလ်များဖြစ်သည့် ဗိုလ်ကလေးဦးသက်ရှည်၊ ဂျာနယ်ကျော် မမလေး၊ ဗိုလ်ကလေးတင့်အောင် စသည့် ဂန္ထဝင်ပုဂ္ဂိုလ်များအား လေ့လာတင်ပြ ချက်တို့အပြင် အာဆီယံအမွေအနှစ် ဥယျာဉ်၊ မိန်းမလှကျွန်း၊ နာဂစ်မုန်တိုင်း ဒဏ်ခံခဲ့ရသည့် ဘိုကလေးမြို့၏ မုန်တိုင်းလွန်ကာလအခြေအနေများကို သုတေသနပြုကာ ကြိုးပမ်းရှာဖွေ ဖော်ထုတ်ထားသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး ကျပ် ၂၅၀၀ ဖြင့် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် (၅၂၉- ၅၃၁)၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) တို့သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်