Skip to main content

တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ သုံးဘီးဆိုင်ကယ်နှင့်ယာဉ် သိမ်းဆည်းရမိ

နေပြည်တော် ဧပြီ ၂၈

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် စစ်ကိုင်းမြို့ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် ကြွေပန်းကန်ပြား ၁၃၁၀၄ ချပ် အပါအဝင်ကုန်ပစ္စည်း ခုနစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၉၇၇၈၀၀၀)နှင့် လိုင်စင်မဲ့ Toyota Passo ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀)ကိုလည်းကောင်း၊ မုံရွာမြို့ မြို့ရှောင်လမ်း တောင်ပုလုလမ်းဆုံအနီး၌ လိုင်စင်မဲ့ Lifan သုံးဘီး ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀)ကို လည်းကောင်း၊ စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ်ကွက် ဆင်များရှင်ဘုရားဝင်း ကျောက်စိမ်းဂိုဒေါင်အနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင် ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Yifulin မိန်းကလေးစီးဖိနပ်အရန် ၈၀ အပါအဝင် ကုန်ပစ္စည်းကိုးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၅၂၉၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၀၃၀၉၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဧပြီ ၂၈ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့ကစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၃၅ ဒသမ ၉၁၆ တန်၊ သစ်မာ ၁၀ ဒသမ ၂၃၁ တန် နှင့် အခြားသစ် ၂ ဒသမ ၃၆၃ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၄၂၅၆၇၆ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဧပြီ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်း မှာ အမှုတွဲ ငါးမှု၊(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆၄၅၆၅၇၆)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်