Skip to main content

ဥပ္ပါတသန္တိသုတ် ပရိတ်တော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

နေပြည်တော် ဧပြီ ၁၉

ဥပ္ပါတသန္တိသုတ် ပရိတ်တော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်တော်ဓမ္မာရုံ၌ ကျင်းပသည်။

ကြည်ညို

အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ သြဝါဒါစရိယနေပြည်တော် သံဃနာယကအဖွဲ့ဝင် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်း တိုက်ပဓာနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒောဘာသအမှူးပြုသော ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး၊ နေပြည်တော်သာသနာရေးမှူးနှင့် ဂေါပကအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင် နေပြည်တော်ပျဉ်းမနားမြို့ မဟာဝိသုတာရာမဈေးကုန်း ကျောင်းတိုက်ဆရာတော်ထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်များ ရွတ်ပွားသရဇ္စျာယ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကာဆရာတော်၊ သံဃာတော်များ ထံဥပ္ပါတသန္တိသုတ် ပရိတ်တော်ကျမ်းမြတ် စာအုပ်များ၊ ပရိတ်ရေ၊ ပရိတ်ပန်းများ ဆက်ကပ်လှူဒါန်း၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်