သာသနဿ စ လောကဿ၊ ဝုဎီု ဘဝတုသဗ္ဗဒါ။ သာသနမ္ပိစ လောကဉ္စ၊ ဒေဝါရက္ခန္တု သဗ္ဗဒါ။
သဒ္ဓိံဟောန္တု သုခီသဗ္ဗေ၊ ပရိဝါရေဟိ အတ္တနော။ အနီဃာသုမနာ ဟောန္တု၊ သဟသဗ္ဗေဟိ ဉာတိဘိ။
၁။ သာသနဿစ လောကဿ - ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးနှင့် တိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည်၊
၂။ ဝုဎီု ဘဝတုသဗ္ဗဒါ - ကောင်းသော တိုးတက် ကြီးပွားချမ်းသာခြင်းနှင့် အခါခပ်သိမ်းဖြစ်ကြပါစေ။
၃။ သာသနမ္ပိစ လောကဉ္စ၊ ဒေဝါရက္ခန္တု သဗ္ဗဒါ- သမ္မာဒေဝ နတ်ကောင်းနတ်မြတ် နတ်အပေါင်းတို့သည် ဗုဒ္ဓမြတ်စွာ သာသနာတော်နှင့် တိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအပေါင်း တို့အား နေ့ရောညဉ့်ပါ အခါခပ်သိမ်း အမြဲမပြတ် စောင့်ရှောက်နိုင်ကြပါစေ။
၄။ သဒ္ဓိံဟောန္တု သုခီသဗ္ဗေ၊ ပရိဝါရေဟိ အတ္တနော- အလုံးစုံသော တိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသားသတ္တဝါအပေါင်းတို့သည် မိမိတို့၏အခြွေအရံများတို့ နှင့် အတူတကွ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
၅။ အနီဃာသုမနာ ဟောန္တု၊ သဟသဗ္ဗေဟိ ဉာတိဘိ - အလုံးစုံသော တိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအပေါင်းတို့သည် ဆွေမျိုးသားချင်းတို့နှင့် အတူတကွ ဆင်းရဲဒုက္ခမရှိကြ၍ နှစ်သက်ရွှင်လန်းစိတ်ချမ်းသာခြင်းနှင့် စင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းဟူ၍ နှစ်သစ်ကာလအခါသမယ၌ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေ နှစ်သစ်ပတ္တနာဆုတောင်းလွှာပြုလိုက်ပါသည်။