Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဝန်ထမ်းမိသားစုများ၏ ရေကစားမဏ္ဍပ်၌ အတာရေသဘင်ပွဲပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ

နေပြည်တော် ဧပြီ ၁၅

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ကူးပြောင်းမည့် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာအတာသင်္ကြန်ပွဲတော်ကို နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ နေပြည်တော်လမ်းလျှောက်သင်္ကြန်၌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ရေကစားမဏ္ဍပ်ဖြင့် ဝန်ကြီးဌာနဝန်ထမ်းမိသားစုများ ယိမ်းအကအဖွဲ့များက ကပြဖျော်ဖြေခြင်း၊ ရေကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲလျက်ရှိပြီး သင်္ကြန်အကြတ်နေ့ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့်ခင်ပွန်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုးနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ အရာရှိကြီးများနှင့်ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များက အတာရေသဘင်ပွဲကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

ပျော်ရွှင်စွာပါဝင်ဆင်နွှဲ

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယိမ်းအကအဖွဲ့မှ သင်္ကြန်သီချင်းများဖြင့် ကပြဖျော်ဖြေခြင်းကို ကြည့်ရှုအားပေးပြီး တက်ရောက်လာကြသော ဧည့်ပရိသတ်များကို အတာသင်္ကြန်ရေပက်ဖျန်းသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ခင်ပွန်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီးနှင့်ဇနီးတို့က ဝန်ထမ်းမိသားစုများနှင့်အတူ ရေပက်ကစားပြီး အတာရေသဘင်ပွဲကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲကာတက်ရောက်လာကြသော ဧည့်ပရိသတ်များကို မြန်မာ့ရိုးရာအစားအစာများဖြင့် စတုဒိသာကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

သတင်းစဉ်