Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နေပြည်တော်လမ်းလျှောက်သင်္ကြန်၌ ပါဝင်ဆင်နွှဲမည့် ဝန်ကြီးဌာနမဏ္ဍပ် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၁၂

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် လမ်းလျှောက်သင်္ကြန်၌ ပါဝင်ဆင်နွှဲရန် ဝန်ကြီးဌာနမဏ္ဍပ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများ စိတ်ချမ်းမြေ့စွာ ရေကစားနိုင်ရန်အတွက် မဏ္ဍပ်တည်ဆောက်နေမှု၊ စတုဒိသာ ကျွေးမွေးနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေမှု၊ ရေပက် လောင်းရန် ပြင်ဆင်ထားမှု၊ ရေပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်ထားရှိမှု၊ ယိမ်းအဖွဲ့များ ဖျော်ဖြေကပြရန် စီစဉ်ထားရှိမှုများ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်းထားရှိမှု၊ ကျန်းမာရေး ဆိုင်ရာစောင့်ရှောက်ရန် ကြိုတင်ပြင်ဆင်ထားရှိမှုများကို လိုက်လံစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်