Skip to main content

အထိခိုက်အကျဆုံး များပြားခြင်းကြောင့် ပေါ်တာဆွဲနေတဲ့ KIA

နေပြည်တော် ဧပြီ ၁၂

ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသ၊ အထက်ဆိပ်ကျေးရွာသို့ ဧပြီလ ၉ ရက်နေ့ မနက် ၂ နာရီခန့်တွင် KIA/PDF အကြမ်းဖက်အဖွဲ့မှ အင်အား ၁၀ ဦးခန့် ဝင်ရောက်လာပြီး ဒေသခံလူငယ် ၂ ဦးနှင့် ယာယီရွှေ့ပြောင်းလာသူ လူငယ် ၁၆ ဦးတို့အား အဓမ္မဖမ်းဆီး ၂ ခေါ်ဆောင်ကာ လူသစ်စုဆောင်းသွားကြောင်း သိရှိရသည်။ ဖမ်းဆီးခံရသူများမှာ-

(၁) မောင်အောင်ကျော်သူ၊ ၂၀ နှစ်၊ နာဂ/ခရစ်ယာန် (ဒေသခံ)၊ (၂) မောင်အိုင်ထုတ်၊ ၂၁ နှစ်၊ နာဂ/ခရစ်ယာန် (ဒေသခံ)၊ (၃) မောင်အနိုင်၊ ၂၁ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၄) မောင်သော်သော်၊ ၁၉ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၅) မောင်ရင်၊ ၂၅ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၆) မောင်ပါကြောင်၊ ၂၀ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၇) မောင်မောင်၊ ၃၅ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၈) မောင်ပါခေါင်၊ ၁၈ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၉) မောင်အောင်ကာဆန်၊ ၂၅ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၁၀) မောင်အောင်ကာ၊ ၂၁ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၁၁) မောင်ဖန်လိုင်၊ ၂၇ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၁၂) မောင်ရန်နိုင်ထွန်း၊ ၁၇ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၁၃) မောင်ရဲဝင်း၊ ၂၀ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၁၄) မောင်ဂျွန်ဆန်းဒေး၊ ၃၀ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၁၅) မောင်ဇာနည်ထက်၊ ၁၉ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၁၆) မောင်အောင်မြတ်မင်း၊ ၁၈ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၁၇) မောင်လှဆန်း၊ ၂၃ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး)၊ (၁၈) မောင်အကောင်း၊ ၃၀ နှစ်၊ နာဂ/ခရစ်ယာန် (ရွှေ့ပြောင်းရေမဆေး) တို့ဖြစ်ပါသည်။

KIA/PDF လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် ၎င်းတို့အဖွဲ့အစည်းအတွင်း ထိခိုက်ကျဆုံးမှုများ များပြားလာခြင်းကြောင့် အပြစ်မဲ့ဒေသခံပြည်သူများနှင့် ရွှေ့ပြောင်းအလုပ်သမားများကို အဓမ္မဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းစသည်ဖြင့် နည်းလမ်းမျိုးစုံသုံးကာ လူသစ်စုဆောင်းခြင်းများကို လုပ်ဆောင်လျက်ရှိခြင်းကြောင့် ဒေသခံပြည်သူများမှ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လျက်ရှိကြပါသည်။