Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် အလုပ်သမားဝန်ကြီးဌာနကိုယ်စားပြု ယိမ်းအဖွဲ့၏ ဝတ်စုံပြည့်ကပြဖျော်ဖြေခြင်း အခမ်းအနား တက်ရောက်အားပေး

နေပြည်တော် ဧပြီ ၁၀

အလုပ်သမားဝန်ကြီးဌာနကိုယ်စားပြု ယိမ်းအဖွဲ့၏ ဝတ်စုံပြည့် ကပြဖျော်ဖြေခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အလုပ်သမားဝန်ကြီးဌာနစုပေါင်းခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ပူးပေါင်းဆောင်ရွက်

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အထိမ်းအမှတ် နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်တွင် ဝန်ကြီးဌာနကိုယ်စားပြု ယိမ်းအဖွဲ့အနေဖြင့် အောင်အောင်မြင်မြင် ဖျော်ဖြေနိုင်ရန် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် ပံ့ပိုးမှုများဆောင်ရွက် ပေးထားပြီးဖြစ်၍ ယိမ်းအဖွဲ့ဝင်များက ဝန်ကြီးဌာန၏ ဂုဏ်ကိုမြှင့်တင်သည့်အနေဖြင့် အထူးကြိုးစားကပြဖျော်ဖြေသွားကြရန်နှင့် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာန ကိုယ်စားပြုယိမ်းအဖွဲ့နှင့် အကနည်းပြဆရာမအား ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ပြီး ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ယိမ်းအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်