ရွှေဘို စက်တင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွေဘိုမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသောင်းဟိန်းတို့နှင့်အတူ ယနေ့ နေ့လယ်(၂)နာရီက ရွှေဘိုမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာပြီး ရွှေဘိုမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရွှေဘိုမြို့နယ်အတွင်းရှိ မင်းပေး၊ ညောင်ပင်သာ၊ ဆင်အင်းစသည့် ကျေးရွာများတွင် မိုးစပါများ ပျိုးထောင်စိုက်ပျိုးထားရှိမှုအခြေအနေနှင့် မင်းပေးကျေးရွာ ဒေသခံတောင်သူများ အတွက် အချိန်မီစိုက်ပျိုးရေ ဖူလုံစွာရရှိစေရေးကိုအလေးထား၍ လျှပ်စစ်မူးရေတင်လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခင်ဦးမြို့နယ် နှင့် ရွှေဘိုမြို့နယ်တို့သို့ ဆက်သွယ် ဖောက်လုပ်ထားသော ကတ္တရာလမ်း အဆင့်မြှင့်တင် ချဲ့ထွင်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ အား ကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ အချိန်မီ အမြန်ပြီးစီးရေး အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းပေးပြီး အားလုံး ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
ထွန်းကိုကို(ယင်းမာပင်)